"ရာသီတုပ်ကွေးနှင့်မှတ်သားစရာများ" 
အခုကာလကြီးမှာ ကျန်းမာဖို့က အလွန်အရေးကြီးပါတယ်။ ဒါကြောင့်မို့ စာဖတ်သူတို့အတွက် အကျိုးရှိစေမဲ့ ရာသီတုပ်ကွေးအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ 
👉ပထမဆုံးအနေနဲ့ ရာသီတုပ်ကွေး(Flu)ဆိုတာဘာလဲ❓
ရာသီတုပ်ကွေးဆိုတာ Influenza virusဆိုတဲ့ virusတစ်မျိုးကြောင့် ဖြစ်ပြီး လူတစ်ဦးကနေ တစ်ဦးကို ကူးစက်တတ်သော ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ 
👉ရာသီတုပ်ကွေးနဲ့ သာမန်အအေးမိတာဘာကွာလဲ❓
သာမန်အအေးမိတာဆိုရင် ဖျားမယ်၊ ချောင်းဆိုးမယ်၊ နှာစေးမယ်။ သုံးရက်ကနေ လေးရက်ခန့်အကြာမှာ သက်သာလာနိုင်ပါတယ်။
ရာသီတုပ်ကွေးဆိုရင်တော့ ရောဂါလက္ခဏာပိုမိုပြင်းထန်ပြီး ခေါင်းကိုက်ခြင်း၊ ညောင်းညာကိုက်ခဲခြင်းတွေ ဖြစ်တတ်ပါတယ်။ ကြာမြင့်ချိန်ကလဲ သာမန်အအေးမိတာထက် ပိုနိုင်ပါတယ်။ 
👉ရာသီတုပ်ကွေးရဲ့ လက္ခဏာတွေကဘာတွေလဲ❓
🔺️ဖျားခြင်း(ချမ်းတုန်ခြင်း)
🔺️ချောင်းဆိုးခြင်း
🔺️လည်ချောင်းနာခြင်း
🔺️နှာစေး​ခြင်း
🔺️ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ညောင်းညာကိုက်ခဲခြင်း
🔺️မောပန်း​နွမ်းနယ်ခြင်း
🔺️ဝမ်းလျှောခြင်း၊ အန်ခြင်း တို့ပဲ ဖြစ်ပါတယ်။ 
👉ရာသီတုပ်ကွေးကို ဘယ်လိုကာကွယ်ကြမလဲ❓
#လက်ဆေးပါ။
လက်ခနခနဆေးတတ်အောင် ကိုဗစ်ကြီးကသင်သွားတယ်။ အခုကိုဗစ်အားလျော့နေလဲ ဒီလက်ဆေးတဲ့အကျင့်လေးကတော့ ဆက်လုပ်သင့်ပါတယ်။ ဘာလို့ဆို virusက ကျွန်တော်တို့တွေ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်းတွေမှ ထွက်လာတဲ့ သေးငယ်တဲ့အမှုန်(droplets)လေးတွေ လေထုထဲကို ရောက်ရှိပျံ့နှံ့သွားတာပဲဖြစ်တယ်။ ဒါကြောင့် ရောဂါပိုးကို တိုက်ရိုက်သယ်ဆောင်လာသူဖြစ်နိုင်တဲ့ ကျွန်တော်တို့ရဲ့လက်တွေကို သန့်ရှင်းနေအောင် မကြာခဏ ဆေးကြောရပါမယ်။ 
#မျက်နှာကိုခနခနမကိုင်ပါနဲ့။
Virusက ကျွန်တော်တို့ရဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေမှ တစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်တာမို့ပဲ ဖြစ်ပါတယ်။ 
#အာဟာရပြည့်ဝပြီးကိုယ်ခံအားကောင်းအောင်နေပါ။
ကိုယ်ခံအားသာကောင်းနေရင် fluမကလို့ ကိုဗစ်လဲနိုင်တယ်မလား။ ဒါကြောင့် ခုခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ဖို့ လတ်ဆတ်ပြီး antioxidantကြွယ်ဝတဲ့အသီးအရွက်၊ အစားအစာတွေ ပိုမိုစားသုံးပေးပါ။ 
#အိပ်ရေးဝဝအိပ်ပါ။
အိပ်စက်ခြင်းဟာ ကိုယ်ခံစွမ်းအားကို တိုးစေရုံမက တစ်နေ့တာအတွက် လိုအပ်တဲ့energyတွေလဲပေးပါတယ်။ 
#ရေများများသောက်ပါ။
ဒါကတော့ ရောဂါတွေကို ကာကွယ်နိုင်တဲ့ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းပါပဲ။ 
#ကိုယ်လက်လှုပ်ရှားပြုလုပ်ပေးပါ။
ကိုယ်လက်လှုပ်ရှား အားကစားတွေက သက်လုံကောင်းပြီး ကျန်းမာစေတယ်။ သို့ပေမဲ့ ပြင်းထန်တဲ့ အားကစားမှမဟုတ်ဘူး။ လမ်းလျှောက်တာကလဲ အားကစားမို့ တစ်နေ့ကို ပုံမှန် မိနစ်၃၀ခန့် လမ်းလျှောက်ပေးရင်လဲ ရပါတယ်။ 
ကဲ.....အခုဆို ရာသီတုပ်ကွေးနဲ့ ပက်သတ်လို့ သိသွားပြီထင်ပါတယ်။ အားလုံးလဲ ကိုယ်ကျန်းမာပြီး စိတ်ချမ်းသာပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။🙏 
#WhatIsSeasonalFlu
#DifferenceBetweenFluAndCommonCold
#SymptomsOfFlu
#HowToProtectFlu
healthy life
Published:

healthy life

Published: