Aung Nyein Chan's profile

Burmese Cyber Warrior AR Filter

Burmese Cyber Warrior (ခ) မြန်မာ့စစ်သည်တော် Instagram Filter
——————————————————-
ကျွန်တော်ငယ်ငယ်က နိုင်ငံခြားရုပ်ရှင်တွေကြည့်ပြီး စိတ်ကူးယဉ်ခဲ့တယ် တစ်ချိန်ကြရင် ရုပ်ရှင်ထဲကလို လူဆိုးတွေကိုနိမ်နင်းမယ် အာကာသ အနှံ့လျှောက်သွား မယ်ပေါ့ဗျာ အဲ့တုန်းကတော့ကလေးအတွေးကို ဒါပေမယ့်ကြီးလာတော့လည်း စိတ်ကူးကဆက်ပြီးယှဉ်တာပါပဲ Sci - Fi Movies တွေကြည့်တယ် Time Travel နဲ့ပတ်သက်တဲ့ ရုပ်ရှင်တွေကြည့်တယ် ဂြိုဟ်ပေါ်မှာ Spacecraft တွေနဲ့ ဆင်းလာပြီး လက်နက်အလန်းတွေနဲ့ချတာတွေ ကြည့်ပြီး သဘောတွေကျရော CGI တွေတအားကောင်းတာကိုဗျ အဲ့မှာ ဘာတစ်ခုသွားပြီး စိတ်ထဲမှာခံစားသွားလည်းဆိုတော့ ငါတို့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ reference ဆိုတာလည်း မရှိသလောက်ရှားပါလားပေါ့ ဂြိုဟ်သားတွေဆိုသည်မှာကလည်း America ပဲဆင်းဆင်းလာပြီး တိုက်ခိုက်တာကိုဗျ
ဒီတော့ ကျွန်တော်လည်း နည်းနည်းမရိုးမယွလေးဖြစ်လာတာနဲ့ Cyber Theme မြန်မာ Hero System တစ်ခုကို မွေးထုတ်ပေးလိုက်ပါတယ် အဲ့တာကတော့ Burmese Cyber Warrior ဆိုတဲ့ HUD ( Head-up Display ) ပါ ။
HUD ဆိုတာကတော့ Cyberpunk 2077 တို့ Ironman မှာပါတယ့် J.A.R.V.I.S တို့လိုမျိုး Hologram နဲ့ဖော်ပြတယ့် UI ဖြစ်ပါတယ်။
ဒီ Instagram Filter လေး အကြောင်းကိုနည်းနည်းရှင်းပြခြင်ပါတယ်....
Disclaimer : this is a work of fiction all the characters and events in this augmented reality filter based on Burmese cultural aspects are entirely fictional.
** Post အဆုံးမှာ လည်း Filter ရဲ့ link ပါပါတယ် ခင်ဗျ **
ဒီမှာလည်းယူလို့ရပါတယ် - https://www.instagram.com/ar/667843164115630
Origin ( Storyline)
အနာဂါတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ပါတယ် Protagonist ( ဇာတ်လိုက် ) က ရဲရင့်ထက်မြက်တဲ့မြန်မာ့စစ်သည်တော်တစ်ရောက်ဖြစ်ပြီး မြန်မာ့ပိုင်နက်ကိုကူးကျော်လာတဲ့တစ်ခြားကမ္ဘာက ဘီလူး သဏ္ဍာန် နဲ့ ဂြိုဟ်သားတွေကို ခုခံပြီး တိုက်ခိုက်ရသူပါ။ သင်ကိုယ်တိုင်လည်း မြန်မာ့စစ်သည်တော်ဖြစ်နိုင်ပါတယ် ကိုယ့်စိတ်ကူးနဲ့ကို အတွေးနယ်လွန်လို့ရအောင် စီစဉ်ပေးထားပါတယ်။
မတူညီတဲ့ အသွင် နှစ်ခု ( Warrior Mode Vs Emergency Mode )

Warrrior Mode ကတော့ Normal Mode ဖြစ်ပြီး System ထဲကိုစဝင်ဝင်ခြင်းအသုံးပြုလို့ရမှာဖြစ်ပါတယ်

Emergency Mode ကတော့ ကိုယ့်ရဲ့ System ကို လာရောက်တိုက်ခိုက်တဲ့သူတွေပေါ်လာတဲ့အခါ ပြောင်းမယ့် ပုံစံကို စိတ်ကူးယဉ်ထားပါတယ်

ဒီ Mode နှစ်ခုလုံးမှာထူးခြားချက် တစ်ခုစီလည်းပါပါတယ် ။

Tap to Change - Phone Screen ကိုထိပြီးပြောင်းလို့ရပါတယ် ။ 
ဒါကတော့ Warrior Mode ရဲ့ HUD ပါ 

နိုင်ငံသား ဆိုတာကတော့ မြန်မာ Made System ဖြစ်တဲ့အတွက် မြန်မာ့အလံက သင်ရဲ့ Nationality ကို ကိုယ်စားပြုပါတယ် ။
( အောက်မှာစာသားတစ်ခုပါဝင်လာမှာဖြစ်တဲ့အတွက် အသုံးပြုတဲ့အခါသတိထားကြည့်ပေးစေလိုပါတယ် ။ )

ပစ်မှတ်ကတော့ ရန်သူတွေကို ချိန်ပြီး တိုက်ခိုက်ဖို့ပါ

စစ်သည်တော် User Interface ကတော့ စစ်သည်တော် Mode အဖြစ်ပြသထားမှာဖြစ်ပါတယ် ။
Emergency Mode ( သို့မဟုတ် ) ဘီလူးစီးခြင်း 

ဘီလူးစီးတယ်ဆိုတာကတော့ မြန်မာ့အယူအဆမှာ ဂြိုဟ်ဝင်တယ် ဆိုပြီး အဓိပ္ပာယ် ဖွင့်လို့ရပေမယ့် စိတ်ကူးယဉ် ဇာတ်လမ်းတစ်ခုနေနဲ့ပဲမြင်ပေးကြပါလို့ အရင်ဆုံးပြောချင်ပါတယ်

System ကို ဝင်ရောက်နှောက်ယှက်ခံရတဲ့အချိန်မှာ အန္တရာယ်ဆိုတဲ့ Alert ပေါ်လာမှာဖြစ်ပါတယ်။   
Turn On Your Sound For Full Experience !!!!! 

ဒါကတော့ပြောရမှာလည်းရှက်ပါတယ်ဗျာ ဒါပေမယ့်မထူးတော့လို့ပြောလိုက်ပါတယ် Voice Acting ပိုင်းကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်အားဖြည့်ထားပါတယ် ။

ငယ်ငယ်က ကြည့်ဖူးတဲ့ Power Rangers မှာပါတယ့် Alpha - 5 တို့ Ironman က Jarvis တို့ Amazon ရဲ့ Alexa မှာပါတယ့် Greeting Message ကို ဖွင့်လိုက်တာနဲ့စကြားရမှာဖြစ်ပါတယ်

ပထမအသံကတော့ - " မင်္ဂလာပါ System Online ဖြစ်ပါပြီ " ဆိုပြီးနှုတ်ဆက်ပါမယ် မြန်မာမှန်းသိအောင် ကျွန်တော်မြန်မာလို့ အခေါက်ျပါင်းများစွာ ငိုလိုက်ရယ်လိုက် အသံလုံတဲ့နေရာ ရှာလိုက်နဲ့ ပြောထားပါတယ် ။

ဒုတိယအသံကတော့ - " The System Is Corrupted By Unknown Creatures " ဆိုပြီးထည့်ထားပါတယ် ကျွန်တော့်အသံပါပဲ နားမထောင်ခြ်လည်းပိတ်ထားလို့ရပါတယ် lol အဲ့ဒါကတော့ရှင်းပါတယ် အမည်မသိတဲ့ ရရန်သူတွေဝင်ရောက်တိုက်ခိုက်ခြင်းကို ခံနေရပါပြီဆိုတဲ့အဓိပ္ပာယ်ပါ။
ဒါကတော့ Burmese Cyber Warrior Instagram Filter ကိုရယူနိုင်မယ့်နည်းလမ်းတွေပါ။ အောက်က link မှာလည်း ဝင်ရောက်ပြီးရယူလို့ရပါတယ် အားလုံးပဲ Stay Safe Stay Strong ပါဗျာ အိမ်ထဲမှာပဲနေပြီး ဒီ Filter လေးနဲ့ ဓာတ်ပုံတွေရိုက်ပြီး ပျော် လိုက်ကြရအောင်။ 

Burmese CyberWarrior by chaxnsee

https://www.instagram.com/ar/667843164115630
Burmese Cyber Warrior AR Filter
Published:

Owner

Burmese Cyber Warrior AR Filter

Published: