Aung Nyein Chan's profile

thangetawislove Instagram Filter

အချစ်ကသူငယ်တော် / thangetawislove 

အားလုံးပဲမင်္ဂလာပါ ကျွန်နော် Aung Nyein Chan ပါ အရင် သနပ်ခါးကြိုက်တယ် တုန်းက ကျွန်တော့်ကိုအားပေးခဲ့ကြတယ့်သူတွေအကုန်လုံးကိုကျေးဇူးပါလို့အရင်ပြောချင်ပါတယ်။

ကျွန်တော်ဒီတစ်ခေါက်အသစ်လုပ်လိုက်တယ့် Instagram Filter လေးအကြောင်းကိုနည်းနည်းရှင်းပြချင်ပါတယ်။ အခု filter က မြန်မာ့ရုပ်သေးသဘင် မှာပါဝင်တဲ့ သူငယ်တော်ရုပ်လေးကိုပုံဖော်ထားတာပေါ့နော် ။

ဘာကြောင့်သူငယ်တော်လည်း ?

ဘာကြောင့်လည်းဆိုရင် ရှင်းပါတယ် ချစ်ဖို့ကောင်းလို့ပါ သူငယ်တော်တွေဟာ နန်းတော်တွင်း ဘုရင်မင်းမြတ် အနီးမှာ ခစားရတဲ့အစေအပါးလို့ အနက်အဓိပ္ပါယ်င်္ဖွင့်ဆိုထားသော်လည်း သူငယ်တော်ဟူသည် သဘင်မျိုးနွယ်မှ ကလေးသူငယ်များဖြစ်ကြပါတယ်။ ပါးကွယ်အဝိုင်းသား ရွှေဆွဲကြိုးလေးလွယ်ပြီး ကြက်တောင်နှစ်ဖက်စည်းပြီး ကွေးနေအောင်ကတဲ့ သူငယ်တော်လေးတွေရဲ့ ကဟန်ကအလွန်ချစ်စရာကောင်းလှပါတယ်လို့ကျွန်တော်ထင်ပါတယ်။
ကျွန်တော်လည်းကျောင်းကပွဲမှာသူငယ်တော်အကကဖူးပါတယ် ။

ဆိုလိုရင်းကဘာလည်းဆိုရင်တော့အခုတလော
​ကလေးသူငယ်တွေကြားခြိမ်းခြောက်နေတဲ့ သက်ငယ်အလုပ်သမား child labor ကိစ္စကို awareness ရပြီးသတိမူစေချင်လို့ပဲဖြစ်ပါတယ်။ ကလေးသူငယ်တစ်ယောက်ရဲ့ innocence ဖြစ်မူနဲ့အတူလွတ်လပ်ပျော်ရွှင်စွာကနေတယ့် သူငယ်တော် လေးကို character တစ်ခုနေနဲ့ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဘေးက outline လေးတွေကတော့အချုပ်နှောင်တွေပေါ့။

ကဲအခု filter ရဲ့အလုပ်လုပ်ပုံကိုပြောပါမယ်

မျက်တောင်ခတ်လိုက်ရင်ပါးကွက်လေးကလည်ပါတယ်

နားရှုပ်သွားလားမသိဘူးခင်မျ

ဒါဆို အခုပဲကိုယ်တိုင်စမ်းကြည့်လိုက်ပါဗျာ

https://www.instagram.com/ar/250574479256383

Option (1) - IG camera ရဲ့search bar မှာ thanakakyiketal ဆိုပြီးရှာပြီး save လို့ရပါတယ်
Option (2) - ဒါကတော့ link ပါ ( https://www.instagram.com/ar/250574479256383 )
Option (3) ကျွန်တော့် IG acc (@chaxnsee) ကိုလည်း follow ပြီးယူလို့ရပါတယ်

Filter လေးနဲ့ IG Story မှာ #thangetawislove #အချစ်ကသူငယ်တော် ဆိုပြီးတင်ပေးတဲ့သူတွေကိုကျွန်တော့်ရဲ့ @chaxnsee Instagram account ရော page မှာပါ repost ပေးသွားပါ့မယ်ခင်ဗျာ။

P.S : တစ်ချို့ device တွေမှာ compatible ဖြစ်မှာမဟုတ်ပါဘူး quality ကိုတင်ထားလို့ပါ ခင်ဗျ 
* Instagram App ကို upgrade လုပ်ပေးထားကြဦးနော် * 
See Less
thangetawislove Instagram Filter
Published:

Owner

thangetawislove Instagram Filter

Published: